Total Pageviews
Sunday, December 13, 2015
(၂၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲ
မိုးမိတ်မြို့တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သောတမြို့နယ်လုံးရှိပင်စင်စား
ဆရာကြီး ဆရာမကြီးများအားပူဇော်ကန်တော့သည့် အာစရိယပူဇော်ပွဲ
အခမ်းအနားကို(၂၇.၁၂.၂၀၁၅)နေ့ နံနက်(၁၀)နာရီတွင် (၂၄)ကြိမ်မြောက်
ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရပ်နီိး ရပ်ဝေးမှ ကျောင်းသား/သူများ
တက်ရောက်ပူဇော်နိုင်ရန်အသိပေးဖိတ်ကြားအပ်ပါသည်။
အလှူငွေထည့်ဝင်လိုသူများသည် ဖေါ်ပြပါဖုံးနံပါတ်များသို့
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ကိုထိန်လင်းကြည်..၀၉၄၀ ၃၇၂၃၁၅၅
ကိုတရုတ်ကြီး..၀၉၄၀ ၃၇၂၆၄၅၉
ကိုနေ၀န်းနီ...၀၈၆ ၄၅၃၄၅
မသန်းသန်းအေး....၀၉၄၀၂၅၅၅၄၇
မအေးအေးသော်...၀၈၆ ၄၅၅၀၇
...................
ငွေရတု အခမ်းအနားအတွက် ကြိုတင်အသိပေးခြင်း။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ်အဖြစ်
မဂ္ဂဇင်းစာအုပ်ထုတ်ဝေမည်ဖြစ်ပါသဖြင့် ဆရာကြီး ဆရာမကြီးများနှင့်
ကျောင်းသားကျောင်းသူများမှ ၀တ္ထု.ဆောင်းပါး.ကဗျာ ရသ စာပေများ
၂၀၁၆. ခုနှစ် စက်တင်ဘာ(၃၀) ရက်နေ့ နောက်ဆုံးထား
ရေးသားပေးပို့နိုင်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။
အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့
မိုးမိတ်မြို့
Monday, March 30, 2015
ရွှေလီမြစ်ကူးတံတားကြီးတည်ဆောက်ပြီးစီးလို့ ဒေသခံလူအများ သွားလာရေးအဆင်ပြေ
မိုးမိတ်နဲ့မဘိမ်းဟာတစ်ချိန်ကခရီးသွားရရင်
ရွှေလီမြစ်ကိုဖြတ်ရဖို့အရေး အချိန်အတော်ကြာမြင့်စွာ
စောင့်ဆိုင်းရမူ့ ကူးတို့သမားများကိုမြစ်ကူးရဖို့အတွက်
အခကြေးငွေပေးကူးရတာတောင် အောက်ကြခံ ပြောရမူ့
သည်းခံကြရမူ့မှ ယခုတော့ ........
ကားသမားများ ဆိုင်ကယ်သမားများ ခရီး
သွားပြည်သူများစိတ်ချမ်းသာကြရပါပြီ။
မိုးမိတ်သတင်းစဉ် ဘလော့ခ် ကို ဘယ်သူတာဝန်ယူနိုင်မလဲ
မိုးမိတ်သတင်းစဉ် ဘလော့ခ် ကို
ဘယ်သူတာဝန်ယူနိုင်မလဲ
သတင်းများကိုအမြဲတင်ပေးနိုင်မယ့်သူဆို
ပိုအဆင်ပြေပါတယ်
ကျွန်တော် ဘလော့ခ် ကို
ကိုင်တွယ်ဖို့ အချိန်မပေးနိုင်တော့လို့ပါ
စိတ်ဝင်စားသူများ 09253412324 ကို
SMS ပို့ပြီးဆက်သွယ်ပေးပါ
Thursday, September 18, 2014
မိုးမိတ်ဖုန်းလမ်းညွန် Update Version 1.2 ထွက်ရှိလာပြီ
အရေးပါသော ဖုန်းနံပါတ်များ၊
စီးပွားရေး လုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များ ၊
အဝေးပြေးကားဂိတ်ဖုန်းနံပါတ်များနှင့်
လူမှုရေး ကျန်းမာရေးဆိုင်ရာ ဖုန်းနံပါတ်များကို
စုံလင်စွာ ထည့်သွင်းပေးထားပါတယ်။
မိုးမိတ်မြို့မှာရှိတဲ့လူတိုင်းအတွက် မရှိမဖြစ် ဆောင်ထားသင့် Apk တစ်ခုဖြစ်ပါတယ်။
မိုးမိတ်ဖုန်းလမ်းညွှန် Version 1.2 ကို Mobile MK ဖုန်းပြုပြင်ရေးဆိုင်မှာ
အခမဲ့ ထည့်သွင်းနိုင်သလို Download လုပ်ယူချင်သူများအနေဖြင့်
ဒီလင့်ခ်မှာ မိုးမိတ်ဖုန်းလမ်းညွန် V-1.2 အားဒီမှာဒေါင်းယူပါ
တစ်လတစ်ကြိမ် Version Update ထုတ်ဝေသွားမှာဖြစ်သည့်အတွက်
Version 1.2 မှာ မပါဝင်သေးတဲ့လုပ်ငန်းရှင်များအနေနဲ့ လူကြီးမင်းတို့ရဲ့
လုပ်ငန်းအမည် ၊ လုပ်ငန်းအမျိုးအစား ၊ လိပ်စာနှင့်ဖုန်းနံပါတ်များကို
403734358 ကို SMS ပေးပို့ခြင်းဖြင့် အခမဲ့ထည့်သွင်းနိုင်ပါသည်။
(SMS ပေးပို့လျှင် 09 ခံစရာမလိုပါ 403734358 ဂဏန်းဘဲနှိပ်ကာ SMS ပေးပို့ပါရန်)
403734358 ကို SMS ပေးပို့သော
လုပ်ငန်းများကို Version Update ထုတ်ဝေတဲ့အချိန်မှာ
ထပ်မံဖြည့်သွင်းရေးသားသွားမှာ
ဖြစ်ပါတယ်ခင်ဗျာ။
Version 1.1 ကနေစပြီးတော့ လုပ်ငန်းရှင်များအတွက်
လုပ်ငန်းကြော်ညာ ကဏ္ဍလေး ထပ်မံဖြည့်စွတ်ရေးသားခဲ့ပါတယ်
လူကြီးမင်းတို့ရဲ့ လုပ်ငန်းကြော်ညာများကို ထည့်သွင်းကြော်ညာလိုပါက
ကြော်ညာစာမျက်နှာတစ်ခုလျှင် ကြော်ညာခ တစ်နှစ်ကို ငွေကျပ်နှစ်သောင်းနူန်းဖြင့်သတ်မှာထားပါတယ်ခင်ဗျာ
ကြော်ညာကဏ္ဍကနေရရှိလာတဲ့ ငွေကြေး ၅၀% ကို ပရဟိတ လူမှုကူညီရေးအဖွဲ့အစည်းများထံ
လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ
Mobile MK Phone Service Centre
အမှတ်(မပ-၁၃၅) ၊ ဘုရားကြီးလမ်း ၊ ထွန်းထွန်းလက်ဘက်ရည်ဆိုင်အနီး ၊ မြောက်ပိုင်းရပ်
ဖုန်း - ၀၉၄၀၃၇၃၄၃၅၈ ၊ ၀၉၂၅၀၀၃၁၀၇၄
4.3 ထိ ရှမ်းစာ မှန်ကန်တဲ့ ရှမ်းဖောင့်လေးပါ
Mobile MK
4.3 ထိ ရှမ်းစာ မှန်ကန်တဲ့ ရှမ်းဖောင့်လေးပါ
Keyboard ကောပါပြီးသားနော် တင်ပေးမယ်ဆိုပြီပြောထားတာ လိုင်းမကောင်းလို့မတင်ဖြစ်တာ နားလည်ပေးစေချင်ပါတယ်ခင်ဗျာ
ခု မန်းလေးရောက်တုန်း တင်ပေးလိုက်ပါပြီ
Android ဖုန်းတွေမှာ ရှမ်းစာအသုံးပြုလိုသူများ
အောက်ကလင့်ခ်များဒေါင်းယူနိုင်ပါပြီခင်ဗျာ
Mobile MK ရှမ်းဖောင့်အားဒီမှာဒေါင်းယူပါ
Saturday, August 2, 2014
MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန
မိုးမိတ်​သတင်းစဉ်
MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်
******************************
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်၏ ရက်၃၀ ဖုန်းခေါ်ဆိုခ လျှော့ချမည့်အစီအစဉ်မှာ လှည့်ကွက်များရှိနေပါသည်။
အကြောင်းစုံကို ရှင်းပြပါမည်။
ဖုန်းနံပတ် သုံးခုကို MPTက မှတ်တမ်းတင်ထားမည်။ ထို ဖုန်းနံပတ်သုံးခုကို သင်က တစ်လအတွင်း မိနစ်၁၀၀ မသုံးနိုင်လျှင် သင့်ဘက်က အရှုံးပေါ်နေပါပြီ။
အလျှင်ဆုံး သင့်ဖုန်းထဲမှာ ငွေ၅၀၀၀ ရှိတယ်ဆိုပါတော့။
1331ကို ADD 09..........
1331ကိုADD 09........
1331ကို ADD 09.........
သုံးကြိမ် မက်ဆေ့ ပို့ရမည်။
ပို့ပြီးလျှင် သင့်ဖုန်းထဲမှ ၂၅၀၀ ကျပ် ချက်ချင်း ဖြတ်ယူသွားပါပြီ။ထို့ကြောင့် လက်ကျန်ငွေ၂၅၀၀ သာရှိပါတော့သည်။
ပြီးနောက် မှတ်တမ်းတင်ထားသော ဖုန်းနံပတ် တစ်ခုကို ခေါ်ကြည့်ပါ။ ၄မိနစ်ပြောကြည့်ပါ။ ငွေပြန်စစ်လျှင် ၂၄၀၀ ပဲကျန်ပါတော့မည်။
အလျှင်ဖြတ်ထားသော ၂၅၀၀ မှာဝန်ဆောင်ခ သက်သက်သာဖြစ်ပါသည်။
သင့်ဘက်က ၂၅၀၀ အရှုံးပေါ်နေပြီ။
မိနစ် ၁၀၀ ပြောမှသာ ထို၂၅၀၀ အတွက် အရင်းပြန်ရပါသည်။မပြောနိုင်လျှင် နာပြီသာမှတ်။
မသိလို့ ၂၅၀၀ အဖြတ်ခံရတော့ သာမန်ထက်ပိုပြီး ဖုန်းခေါ်မယ်။ အဲဒီတော့ ငွေဖြည့်ကဒ် ပိုရောင်းရတာပေါ့ဗျာ။
အင်တာနက်ပါသုံးရင်တော့ ပိုတောင် ကုန်အုံးမယ်။
မြန်မာပြည်မှာ ဖုန်းသုံးတိုင်း ချမ်းသာလို့၊ငွေပေါလို့မဟုတ်ပါဘူး။ လူဆယ်ဦးမှာ ရှစ်ဦးက မိနစ်၁၀၀ ကို ဖုန်းနံပတ် သုံးခုတည်းကုန်အောင်မသုံးနိုင်ပါဘူး။
ဒါ့ကြောင့် အရှုံးပေါ်တဲ့လူက ပိုများပါတယ်။
ဒါဟာ MPTရဲ့ လှည့်ကွက် တစ်ခုသာ ဖြစ်ပါတယ်။ မသိလို့ အငိုက်မိသွားမှာ စိုးလို့သတိပေးခြင်း ဖြစ်ပါတယ်
Wednesday, July 30, 2014
1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း
မိုးမိတ်​သတင်းစဉ်
အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တ၀င့် ရှင်းလင်းထားပါတယ်။
ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။
1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာ
ဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။
2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။
3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။
4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်