Total Pageviews

Friday, January 3, 2014

မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွဲငွေသွင်း လုပ်နိုင်မည့် ပြည်တွင်းပထမဆုံး Mobile Banking စနစ် စတင်ပြီ

ဇန်န၀ါရီလ ၂ ရက် ။ ။
ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် ငွေလွဲ၊ ငွေသွင်းခြင်းများ ပြုလုပ်နိုင်မည့်
ပထမဆုံး Mobile Banking စနစ်ကို စတင်ဝန်ဆောင်မှု ပေးလိုက်ပြီဟု
CB ဘဏ်မှ Executive Vice Chairman ဦးကျော်လင်းက
ယနေ့ညနေက ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။
“ဘဏ်ကိုသွားပြီး ငွေသွင်း၊ ငွေလွဲ ကိစ္စတွေလုပ်ရင် အချိန်၊
သွားလာရေး အခက်အခဲကြောင့် အချိန်ကြန့်ကြာမှု တွေရှိနိုင်ပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းရှိရုံနဲ့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့စနစ်ကို
ဆောင်ရွက်ပေးလိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ Mobile Banking စနစ်ကို
ios, Andriod နှင့် Window ဖုန်းအမျိုးအစားအားလုံး
အသုံးပြုနိုင်မည်ဖြစ်ပြီး ဘဏ်နှင့်ပတ်သတ်သည့်
သတင်းအချက်အလက်၊ ငွေပေးချေမှု၊
တောင်းဆိုမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref & Credit: Yatanarpon Web Portal

No comments:

Post a Comment