Total Pageviews

Friday, May 23, 2014

Facebook ပေါ်က ရင်ဖွင့်ချက်လေးတွေပါ

မိုးမိတ် မဘိမ်း မိုးလို မြစ်ဆုံ နမ့်ပန်း
ဝဲပေါင်း တို့တစ်လျှောက်မှာ သစ်ထုတ်
ပြီးကြီးပွားချမ်းသာနေကြတယ် ကြားရ
လို့ ဝမ်းသာပီတိ တော့ဖြစ်ရပါတယ်
မြစ်ဆုံအောက်ဖက်နမ့်ပန်းမှာ သစ်ထုတ်
ပြီးစီပိန်းအကျော် လေယာဉ်ကွင်းဟောင်း
မှာတရုတ်နဲ့အရောင်းအဝယ်လုပ်ကြပါ
တဲ့ ဓါတ်ဗူးလောက်ရှိတဲ့အပင်လေးတွေ
ပါမကျန်ခုတ်ရောင်းကြတော့ တောပြုန်း
ပြီပေါ့ရှင် သဘာဝကပေးတဲ့ဆိုးကျိုးကို
လှလှပပကြီးခံစားရတော့မယ်လေ
ချမ်းသာကြတာဝမ်းသာပေမဲ့ တရုတ်က
ဝင်လာတဲ့ရာမ (စိတ်ကြွဆေးပြား)တွေ
စွဲပြီး ထင်ရာစိုင်းနေကြတာကိုတော့
စိတ်မချမ်းမသာကြားနေရတယ်
သွားလုပ်ခဲ့ကြတဲ့သူတွေရဲ့စကားအရ
ယောက်ျား မိန်းမ ကြီးကြီးငယ်ငယ်
အရွယ်မရွေး တော်တော်များများတို့ဟာ
ဆေးစွဲနေကြတယ်တဲ့
အခုဆို တချို့ရွာတွေမှာနယ်မြေမအေး
ချမ်းတော့ဘူး ဓါးမြရန်ကြောက်နေရတယ်
တဲ့ တိုးတက်မှု့ထက် ဆုံးရှူံးမှုက ပိုများ
နေပါတယ် မိုးမိတ်သတင်းကြားရတာ
စိတ်မသက်မသာရှိလို့ရင်ဖွင့်လိုက်တာပါ

No comments:

Post a Comment