Total Pageviews

Tuesday, April 22, 2014

တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မိုးမိတ်သတင်းစဉ်။      ။


ဧပြီ ၂၁ ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်တွင်
မိုးမိတ်မြို့နှင့်ညောင်ပင်စောက်ကျေးရွာကြား
မြို့နှင့်တစ်မိုင်အကွာတွင် တောမီးမှတစ်ဆင့် မီးကူးဆက်ပြီး
ဦးထိန်လင်းကြည် ဆန်စက်မှ စတင်ကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ဦးထိန်လင်းကြည် ဆန်စက်အပါအ၀င်
ဦးရွှေသိန်း သစ်စက် နှင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မိုးမိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ
မီးသတ်ကား သုံးစီး အမှတ်၂၂၃ ခြေလျှင်တပ်ရင်းနှင့်မြန်မာ့သစ်ထုတ်ရေးဌာနမှ
ရေဘောက်ဆာကားများဖြင့် ရေများသယ်ယူပို့ဆောင်ငြိမ်းသတ်ခဲ့ပါသည်။


ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုမူ အတိအကျမသိရှိရသေးပါ

No comments:

Post a Comment