အမှိုက်လာပစ်တဲ့
ဦးဦး ဒေါ်ဒေါ် ကိုကို မမ တွေဆီက
အမှိုက် ထုပ်ကို သမီးကူသယ်ပေးပါတယ် ---
အမှိုက်ထဲမှာပါတဲ့ ကော်ပစ္စည်း
ပလက်စတစ်ဗူးခွံ
ရေသန့်ဗူးခွံ တွေပါရင် သူများတွေလက်ထဲမရောက်ခင်သမီး
အရင်ရအောင်လို့ပါ ----
သမီးအမှိုက်ကောက်ပါတယ် ----
သမီးဖေဖေ ကုန်ထမ်းခ နဲ့ သမီးမေမေ
အဝတ်လျှော်ခ က မောင်နှမ များတဲ့
သမီးတို့မိသားစု စားမလောက်လို့ပါ ----
သမီးအမှိုက်ကောက်ပါတယ်အမှိုက်ကောက်လို့ရတဲ့ပိုက်ဆံ
မုန့်စားဖို့နဲနဲ ချန်ပြီးရင် အမေ့ဆီအကုန်အပ်ပါတယ် ---
သမီးအမှိုက်ကောက်ပါတယ် ----
သူများပစ်တဲ့ပစ္စည်း မှ ယူရတယ်လို့ မေမေ
သင်ထားလို့
သမီး မခိုးတက်ပါဘူး
လာပစ်တဲ့အမှိုက်ထဲက ရောင်းရမယ့် ဟာတွေ
သမီးကောက်ယူပါတယ် --- --
ဒါပေမယ့် မေမေ ----
သမီးတို့ကိုမြင်ရင် လူတွေက နှာခေါင်းရှုံ့ ကြတယ် ----
သမီးတို့နဲ့ ရွယ်တူသူငယ်ချင်း တချို့အမေတွေက
သမီးတို့ကိုမြင်ရင် ပြောတက်တယ် ---
''သူတို့လိုလမ်းဘေးရောက်ချင်လို့လား'' တဲ့ ---
ဘာလို့လဲ မေမေ ---
သမီးမခိုးတက်ပါဘူးးး
ဖြစ်နိုင်ရင် သမီးလည်းလမ်းဘေးက အမှိုက်ပုံတွေမှာ
အမှိုက်ကောက်မယ့်အစား အဖြူ
အစိမ်း ဝတ်ပြီး မုန့်စားရင်း
''ကကြီး'' ''ခခွေး'' ရေးချင်တယ်မေမေ ----
ခုတော့ -----
သမီးအမှိုက်ကောက်ပါတယ် ---
ရတဲ့ပိုက်ဆံ ကျစ်ကျစ် ပါအောင်ဆုပ်ရင်း မြို့စွန်က
သမီးတို့ တဲလေးဆီ ပြန်ပြေးရပြန်ဦးမယ် ---
သမီးအမှိုက်ကောက်ပါတယ် -----
ဒါမယ့် သမီးသူများပစ္စည်းမခိုးတက်ပါဘူး ---
အဲဒါကြောင့် သမီးတို့ကိုမြင်ရင်နှခေါင်း မရှုံ့ ကြပါနဲ့နော် ---
သမီးအမှိုက်ကောက်ပါတယ် ----
သမီးရိုးရိုးသားသားအမှိုက်ကောက်ပါတယ် ----
Credit to>> မောင်(စွယ်စုံကျမ်း)
No comments:
Post a Comment