Total Pageviews

Thursday, July 4, 2013

သစ်ခိုးခုတ်မှုကျဆင်းကြောင်းပြောတဲ့ ညွန်ကြားရေးမှူးကို မိုးမိတ်နယ်ဘက်ခေါ်ပြချင်တယ် =D

သစ်ခိုးခုတ်မှုကျဆင်း...


မြန်မာနိုင်ငံတွင် သစ်ခိုးခုတ်မှုများသည် (၂)နှစ်တာကာလအတွင်းသိသာစွာ
ကျဆင်းကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး
ဌာနသစ်တော ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်ကပြောသည်။
ယခုလိုကျဆင်းခြင်းသည် သစ်ခိုးခုတ်မှုကို ပြင်းပြင်းထန်ထန်ဖြင့် တိတိကျကျ
လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာသောင်းနိုင်ဦးကပြောသည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဥပဒေထွက်ရှိလာခြင်း၊သမ္မတ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်
သောလမ်းညွှန်ချက်များအပေါ်တိတိကျကျလိုက်နာဆောင်ရွက်နေခြင်း
ကြောင့်ဖြစ်ကြောင်း ဒေါက်တာသောင်းနိုင်ဦးက ပြောသည်။သစ်ခိုးခုတ်မှု
များကိုအခြားဆက်စပ်ဌာနများက ပုံစံမျိုးစုံဖြင့် ဖမ်းဆီးမှုများပြုလုပ်
နေပြီး ယခင်ထက်ပိုမို ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။ ဌာနအတွင်းတွင်
လည်းသစ်ခိုးခုတ်မှုနှင့် ပတ်သက်သော ၀န်ထမ်းများကိုစံပြအဖြစ်ထိထိ
ရောက်ရောက် အရေးယူမှုများ ပြုလုပ်ကြောင်း သိရသည်။

No comments:

Post a Comment