ခုရက်ပိုင်း GSM ဖုန်းလိုင်းတွေ လုံးဝ ကို သုံးမရတော့တဲ့အခြေအနေကိုဖြစ်နေတာကို
မိုးမိတ်မြို့နယ် ဆ.သ.ရ ဌာနအနေနဲ့ ဘယ်လိုကြောင့်များဖြေရှင်းမပေးတာလဲ
ကျွန်တော်တို့မြို့မှာ ၁၅၀၀ ဂျီ ဖုန်းကဒ်တွေချမပေးခင်ကတည်းဖုန်းလိုင်းတွေက သုံးစွဲရတာ
အဆင်သိပ်မပြေပါဘူး မိုးအုံ့မိုးရွာရင် ဖုန်းလိုင်းတွေပိတ်တယ် အခြားမြို့များနီးတူ
24 Hour ဖုန်းလိုင်းမရပါဘူး ဒါတွေထားပါ ခုလိုအဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ တစ်တွေ
ယဉ်ပါးပြီးနေသားကျနေပါပြီ ခုရက်ပိုင်းဖြစ်နေတာတွေကိုတော့ ဘယ်လိုမှ သီးမခံနိုင်တော့ပါဘူး
ကျွန်တော်ရဲ့ အလုပ်ကိစ္စအတွက် မန္တလေးကိုဖုန်းခေါ်တာ ဖုန်းခေါ်တာ အကြိမ်ပေါင်း တစ်ရာကျော်
Call Ended ဖြစ်သွားတာချည်းပါဘဲ ဒီလိုခေါ်ဆိုမှုတွေအဆင်မပြေမှုတွေဖြစ်နေတာကို
တာဝန်ရှိတဲ့ ဌာန/သူ မသိလို့များလား ဒါမှမဟုတ် မသိကျိုးကျွံပြုထားတာလား ဝေခွဲမရဘူးဖြစ်နေပါတယ်
လက်ရှိမိုးမိတ်မှာ သုံးနေတဲ့ ဂျီဖုန်း အလုံးရေ တစ်ထောင်ကျော်လောက်ပျမ်းမျှရှိပါတယ်
တာဝါတိုင်တစ်တိုင်တည်းထောင်တဲ့ မိုးမိတ်မှာ လိုင်းကျပ်တာတော့ အားလုံး သိမယ်ထင်ပါတယ်
၁၅၀၀ ဂျီတွေမချပေးခင် လိုအပ်မှုတွေကို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပြီမှ ချပေးသင့်တယ်ထင်ပါတယ်
ခုတော့ တာဝါတိုင်က မနိုင်ဝန်ထမ်းနေရပြီ အဲ့လိုမျိုးတွေဖြစ်တော့ နစ်နာမှုတွေအများဆုံးရှိတာက
ကျွန်တော်တို့မြို့ခံတွေပါဘဲ ဖုန်းလိုင်းကဒ်တစ်ကဒ်ကို Myanmar Post Telecommunication ရဲ့
တရားဝင်ဈေးနူန်းအတိုင်း ပေးချေဝယ်ယူထားတာပါ ခုလို GSM လိုင်းတွေမကြာခဏလိုင်းကြပ်မှုတွေဖြစ်နေတော့ ဖုန်းကိုင်ပြီး သုံးမရဘဲဖြစ်နေပါတယ်
ဒါတွေကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ မိုးမိတ်မြို့နယ် ဆ.သ.ရ ဌာနကို
မေးခွန်ထုတ်လိုက်ပါရစေခင်ဗျာ
No comments:
Post a Comment