Total Pageviews

Monday, December 30, 2013

အဂတိလိုက်စားမှု သတင်းပေးသူကို လျှို့ဝှက်ပေးရန် အရေးဆိုမည်

30.12.2013

ပြဋ္ဌာန်းပြီးသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင်
လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေသောသူ အား တွေ့ရှိပါက
သတင်းပေး တိုင်ကြားလာသူအား လျှို့ဝှက် ထိန်းသိမ်းပေးရန်
ပြည်ထောင်စုလွှတ် တော်သို့ အရေးဆိုသွားမည်ဟု
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အုပ်ချုပ်မှုပညာ ပြန့်ပွားရေးအသင်း
အတွင်းရေးမှူး (၁) ဦးထွန်းအောင်ကျော်က
ရန်ကုန်မြို့၊ မြန်မာအင်တာနေရှင်နယ် ကွန်ဗန်းရှင်းစင်တာတွင် ယနေ့ ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ်တွင် ပြောသည်။

“အဖွဲ့အစည်းက သူ့ကို လျှို့ဝှက်ထားရမယ်။
သူ့သတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၀န်ထမ်း အဖွဲ့က စုံစမ်း။
သူဟာသူ ဆက်လုပ်လိမ့်မယ်။ မဟုတ်ရင်တောင် အရေးယူလို့မရဘူး”ဟု 
အဂတိလိုက် စားမှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဦးထွန်းအောင်ကျော်က ပြောခြင်းဖြစ်သည်။

ဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်ကို ဖွဲ့စည်းခွင့် ပေးထားသည်။
ကော်မရှင်အနေဖြင့် စုံစမ်းတွေ့ရှိမှုများကို
လွှတ်တော်ဥက္ကဋ္ဌများနှင့် နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်ဖြစ်သည်။ အဆိုပါကော်မရှင်တွင် ပြည်သူ့လွှတ်တော်၊ 
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် သမ္မတတို့က 
ကိုယ်စားလှယ် ငါးဦးစီ ခန့်အပ်ခွင့်ပြုထားသည်။
သို့သော် မည် သူက ဦးဆောင်မည်ဆိုသည်ကို မသိရသေးဟု
ဦးထွန်းအောင်ကျော်က ပြောသည်။

ဥပဒေတွင် အခန်း ၁၂ ခန်း၊ ပုဒ်မ ၇၃ ခု ပါဝင်ပြီး ကော်မရှင်၏ 

လုပ်ပိုင်ခွင့်ကို ပုဒ်မ ၁၅ ခုအထိ ပေးအပ် ထားသည်။
လုပ်ငန်းစဉ်များတွင် ပြည်သူများ ပူးပေါင်းပါဝင်လာရန်
အစီအမံချ ဆောင်ရွက်ခြင်း၊ 
ခိုင်လုံစွာ သတင်းပေးတိုင်ကြားသူကို ကာကွယ်ပေးရန် စီမံခြင်း၊ သတင်းပေးတိုင်ကြားလာသူများ ပေါများစေရန် ဆောင်ရွက်ခြင်းတို့
အလျင်အမြန် အကောင်အထည်ဖော်သင့်သည်ဟု
မြန်မာပြည်သူ့ဖိုရမ်၏ အဆိုပါ ဆွေးနွေးပွဲက တိုက်တွန်းခဲ့သည်။

Mizzima - News in Burmese

1 comment: