မိုးမိတ်သတင်းစဉ်။ ။
၇.၂.၂၀၁၄
ရှမ်းပြည် လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ
ကမကထပြုမှုအရ ရှမ်းပြည်အလယ်ပိုင်း ယခင်လဲချားနယ်
ပင်လုံမြို့၌ ၁၉၄၇
ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပခဲ့သော
ဒုတိယ
ပင်လုံညီလာခံဟာ “ဖေဖော်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့နဲ့ဖေဖော်ဝါရီ
၁၂ ရက်
ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့” တွေပေါ်ပေါက်စေခဲ့တဲ့
ကမ္ဘာကျော် သမိုင်းဝင်နေ့ ဖြစ်ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို
၁၁-၂-၁၉၄၇ နေ့မှာ
ရှမ်းပြည်ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်က
ရှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်အကျုံးဝင်သော
အောက်ပါဆုံးဖြတ်ချက် ၃
ရပ်ကို ချမှတ်ခဲ့ပါတယ်။
(၁) ဖေဖော်ဝါရီ ၇ ရက်နေ့ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့အဖြူရောင်လ၀န်းအလံကို ရှမ်းပြည်အလံတော်အဖြစ်-
(၃)ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသား သိချင်းအဖြစ်- သတ်မှတ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့လို့
အစွဲပြု ခေါ်ဝေါ်ခဲ့ပေမယ့် အဲဒီခေတ်ကာလ သမယ အခြေအနေအရ
အနှစ်သာရနဲ့
ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံ ရှမ်းပြည်သူတစ်ရပ်လုံးကို
ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
Hsipaw Generation
No comments:
Post a Comment