မိုးမိတ်သတင်းစဉ်။ ။
ခု အတောအတွင်း သတင်းစာတွေ၊ဂျာနယ်တွေ၊အွန် လိုင်းသတင်းတွေမှာ
အမြို့မြို့ အနယ်နယ် တောရွာတွေပါမကျန် မူးယစ် ဆေးဝါး ဖမ်းဆီးမိတဲ့
အကြောင်းဖတ်ရတာတွေနေ့စဉ်ပဲဗျာ မိတဲ့တန်ဖိုးတွေလည်း မနည်းဘူးဗျာ
ဟို
ခေတ်တွေတုန်းက မူးယစ်ဆေးမိရင် မြို့ကြီးတွေနဲ့ နယ်စပ်တွေမှာသာမိတာပါဗျာ
ခုတော့ ဟုတ်ပေါင် ၊ နယ်တကာစုံ မြို့တကာနှံ့ ရွာတကာပြန့်နေတာပါပဲ
အဲ ...ကျုပ်မေးချင်တာက အဲဒါဗျ
ခင်ဗျားတို့ မိုးမိတ်က မူးယစ်ဆေးဝါး တွေ ပေါတယ်လို့ကြားဖူးထားတာ
ရောင်းသူကလည်း ပြောင်ရောင်း၊
ဝယ်သူကလည်း ပေါ်တင် ရပ်သိ ရွာသိ လူတိုင်းသိဆို
ကျုပ်က ကြားတော့ အဟုတ်ထင်တာပေါ့
အဲဒါ ကောလဟလဖြစ်မှာပါ နော်
ဘာလို့ဆို သူများမြို့ရွာတွေဒီလာက် ဖမ်းမိနေတာ
မိုးမိတ်က ဖမ်းမိတယ်မှ မကြားရတာရောင်းသူမရှိလို့ပေါ့
ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ရဲတို့ကတော့ ဆက်ကြေးယူပြီး
မဖမ်းတာတော့ မဟုတ်လောက်ပါဘူးနော။
တကယ်ကို မူးယစ်ကင်းစင်တဲ့မြို့
ဖြစ်အောင် တာဝန်ရှိသူတွေ ထိန်းနိုင်တာပဲတော်တယ်ဗျာ ။
နိုင်ငံတော်က ချီးမြှင့်တဲ့ဝန်ထမ်း ကောင်းတံဆိပ်ရအောင်
မြို့သူ/သားတွေက ထောက်ခံပေးသင့်တယ်ဗျို့  ။
Credit to ဒီမြို့ Facebook Group
No comments:
Post a Comment