ကျွန်တော်တို့ ရှမ်းပြည်က(မနှစ်လုံး)မြို့မှာ ဒီလိုပဲရှိတယ်
=================
"ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး"တဲ့
ဟုတ်ကဲ့-မြို့နယ်မှူးကြီးခင်ဗျား …
14 -3-14 နေ့က စာဖြေပြန် ၁၀ တန်းကျောင်းသားလေးဆိုင်ကယ်
ကို ၃၄၈ တပ်က အရာရှိကတော်တွေစီးလာတဲ့ ကားနဲ့ငြိမိတဲ့အချိန်မှာ မြို့နယ်မှူးကြီးရဲ့တပည့်များအနားမှာရှိနေပါတယ် ခင်ဗျ ။ မြို့နယ်မှူးကြီးအနေနဲ့
ပြည်သူလူထုကိုသာ ဥပဒေသတွေရွတ်ပြပြီး တပည့်တွေကိုတော့
သင်ပေးထားဟန်မတူဘူး နော်။
မြို့နယ်မှူးကြီးရဲ့တပည့်များက
ယာဉ်ကြီးယာဉ်ငယ်စည်းကမ်းတွေ၊
စာဖြေကျောင်းသားဦးစားပေးလမ်းညွှန်တာတွေကို မျက်ကွယ်ပြုပြီး
တပ်ကားမောင်းသူကို ဘာတစ်ခွန်းမှ မဟရဲဘဲ အခြားအရပ်သားယာဉ်တွေ၊ကျောင်းသူကျောင်းသားယာဉ်တွေနဲ့
လမ်းလျှောက်လာသူတွေကို ယူနီဖောင်းအရှိန်အဝါသုံးမောင်းထုတ်တယ်ဗျ ။
အရပ်သားပြည်သူတွေကိုတော့ စာဖြေနေတဲ့ကျောင်းပတ်ဝန်းကျင်ကို မသွားမလာဖို့တပ်တောင်တာဗိုလ်ထုနဲ့ လူစုပြီး တားဟယ် ဆီးဟယ် ပိတ်ဟယ် ဆို့ဟယ် ရေးကြီးခွင်ကျယ်လုပ်ကြပြီး ဒါကျတော့ ဘာလို့ အရေးတယူမရှိတာလဲ ။
ဆိုင်ကယ်ထိခိုက်ရုံသာဖြစ်လို့တော်သေး လူကိုပါထိရင် ကျောင်းသားလေးရဲ့
တစ်နှစ်တာသင်ယူခဲ့ရသမျှ သဲထဲရေသွန်ဖြစ်မယ် ၊ သူ့ဘဝတစ်ဆစ်ချိုး အပြောင်းအလဲမျိုးတောင်ဖြစ်သွားနိုင်တယ်လေ ။
အကယ်၍သာ … တပ်ကကျောင်းသားနဲ့ အရပ်သားကား ဒီလိုဖြစ်ခဲ့ရင်
မြို့နယ်မှူးကြီးနဲ့အဖွဲ့ ထမင်းတောင် အဝင်ဖြောင့်မယ်မထင်ဘူး ။
ကားပေါ်က "အမ"(အစ်မ မဟုတ်)
များကို မျက်နှာလို အားရ (ဆားဖြူး **ယက်)လုပ်ရမှာမဟုတ်လား ။
ကားပေါ်ပါခဲ့တဲ့ ပုဂ္ဂိုလ်အကောင်းစားမတွေကလည်း
ပြန်စောင်းတောင်မခတ်ဘူးဗျ ။ သူတို့သားသာဖြစ်ခဲ့ရင်
တစ်စီးလုံးဆင်းလာပြီး ကျီးတွေလို ဝိုင်းအာကြမယ့်အတန်းအစားတွေ။
နိုင်ထက်စီးနင်းအလုပ်ခံရတဲ့ကျုပ်တို့ပြည်သူတွေ
ဘယ်သူ့အားကိုးရမလဲ ။
ကဲ- ဥပဒေအထက်မှာ ဘယ်သူရှိနေတာလဲ…

No comments:
Post a Comment