စိမ်းလန်းမြေ ပရဟိတအဖွဲ့၏
အခမဲ့ ပညာဒါနစာသင်ကျောင်းတွင်
ပညာသင်ကြားနိုင်ရန်အတွက် ပညာသင်ဆုဝင်ခွင့်
(ရေးဖြေ/နှုတ်ဖြေ) စာမေးပွဲ
(မိုးမိတ်စာစစ်ဌာန) ကို
၆-၄-၂၀၁၄ ရက်နေ့မှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။
မိုးမိတ်နယ်တဝိုက်မှ ကလေးငယ်များနှင့် မိုးမိတ်မှ
၁၅ မိုင် ကွာဝေးပြီး
သွားလာရန်ခက်ခဲသော မိုးလို၊ နမ်တီး နယ် တို့မှ
ပညာထူးချွန်လျှက်
နွမ်းပါးသူ ၁၀ တန်း ကလေးငယ်များအား ပညာသင်ဆု
လျှောက်လွှာ
ခေါ်ယူ ဖြေဆိုစေခဲ့ပါတယ်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်
လျှောက်ထားသူ ၂၂ ဦး
ရှိခဲ့ပြီး ၁၇ ဦး လာရောက်ဖြေဆိုခဲ့ပါတယ်။
အမှန်တကယ်
ထူးချွန်သောကလေးငယ်များ၊ ပညာလိုလား တောင့်တလျှက်ရှိသော
ကလေးငယ်များ
ပညာဆက်လက်သင်ကြားနိုင်ရေး၊
အမှန်တကယ် နွမ်းပါး လိုအပ်သော ကလေးငယ်များ
ပညာသင်ဆု ရရှိရေး၊ အလှုရှင်များ၏ လှုဒါန်းမှု ရာနှုန်းပြည့် ထိရောက်စေရေးအတွက်
ရေးဖြေ နှုတ်ဖြေစာမေးပွဲမျာကို
တိကျ ခိုင်မာစွာ စစ်ဆေးခဲ့ပါတယ်။
No comments:
Post a Comment