Total Pageviews

Friday, May 23, 2014

အပူလှိုင်းဖြတ်ခြင်းဆိုသည်မှာ အဘယ်နည်း။

မိုးမိတ်သတင်းစဉ်။     ။

င်ငံတကာက တညီတညွှတ်တည်း အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသေး ပါ။ ပြင်ပလေထုအပူချိန် နေ့ ပေါင်းများစွာ ၄၀ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနေခြင်းကို အပူလှိုင်းဖြတ်သည်ဟု အများက လက်ခံထားခြင်းကား ရှိပါသည်။
အပူလှိုင်းဖြတ်ခြင်းကြောင့် အသေအပျောက်နှူန်း ရှိနိုင်၊မရှိနိုင်ဆိုသည်မှာ ယင်းဒေသက ပူပြင်းသောရာသီနှင့် မည်မျှနေသားကျနေသည်ဆိုသည့်အချက်အပေါ် မူတည်ပါသည်။
ပူအိုက်သောရာသီရှိရင်းစွဲဖြစ်သော ဒေသတစ်ခု တွင် အပူလှိုင်းဖြတ်လျင်လည်း ယင်းဒေသတွင် နေထိုင်သူများက အပူဒဏ်ကိုခံနိုင်ရည်ရှိနှင့်ပြီးဖြစ်သည့်အပြင် ပူပြင်းသောရာသီနှင့် လိုက်လျောညီထွေမှုရှိအောင် နေတတ်ပြီးဖြစ်သည့်အတွက် အထွေအထူးအန္တရယ်ရှိမည် မဟုတ်သော်လည်း အေးမြသောရာသီဥတုရှိရင်းစွဲဖြစ်သော ဒေသတစ်ခုတွင် အပူလှိုင်းဖြတ်လျင်မူ လူအများစုမှာ အပူဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ ပူပြင်းသောရာသီနှင့် လိုက်လျောညီထွေမှုရှိအောင် မနေတတ်ခြင်းတို့ ကြောင့် အသေ အပျောက်ပင် ရှိလာနိုင်ပါသည်။
အပူလှိုင်းဖြတ်လျင် လေထုတွင် ရေခိုးရေငွေ့ ပါဝင်မှုနှူန်းလည်း များလာသောကြောင့် ကျန်းမာရေးအခံ၊ အသက် အရွယ်နှင့် နေထိုင်ရာအဆောက်အဦး၏ ရာသီဥတုဒဏ်ခံနိုင်အား တို့ အပေါ် မူတည်၍ လူအများ၏ ကျန်းမာရေး ဖောက်ပြန်နိုင်ပြီး နေထိုင်မှုပုံစံမှားယွင်းခြင်း၊ ခံနိုင်ရည်မရှိခြင်း၊ ပေါ့ဆခြင်း စသည်တို့ ကြောင့် အသက်ကိုပင် ဆုံးရှုံး စေနိုင်ပါသည်။
ထို့ အပြင် အပူလှိုင်းဖြတ်လျင် လေအေးပေးစက်ဖွင့်လှစ်ကာ အိမ်တွင်းပုန်းနေလိုက်မည်ဆိုလျင်လည်း အလား အလာမှာ မကောင်းလှပါ။ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ အပူလွန်ကဲကာ လျှပ်စစ်ဓါတ်အားဖြန့် ဖြူးခြင်း ယာယီ ရပ်ဆိုင်းသွား နိုင်ပါသေးသည်။
အပူလွန်ကဲလျင် လူသားများအတွက် အဘယ်ကြောင့် အန္တရယ်ရှိပါသနည်း။
=========================================
အပူလွန်ကဲလျင် ခန္ဓာကိုယ်အပူချိန်လဲ လွန်ကဲလာလေ့ရှိသည်။ လွန်ကဲလာသောအပူချိန်ကို ဖြေလျော့ရန် ချွေးထုတ်ပေးရသည်။
သို့ သော် အပူလှိုင်းဖြတ် လျင် လေထုအတွင်း ရေခိုးရေငွေ့ ပါဝင်မှု များသောကြောင့် ချွေးလွယ်လွယ်နှင့်မထွက်တော့ပါ။
ထို့ အတွက် ခန္ဓာ ကိုယ်အပူချိန် တဖြည်းဖြည်းတိုးလာပြီး ခံနိုင်ရည် နည်းပါးသော ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ၊ လူမမာများကို အထူး အန္တရယ် ဖြစ်စေနိုင်ပါသည်။
အပူလှိုင်းဖြတ်ခြင်းကြောင့် မည်သည့်ကျန်းမာရေးအန္တရယ်မျိုး ဖြစ်ပွားနိုင်သနည်း။
===============================
ခန္ဓာကိုယ်အတွင်း အပူလွန်ကဲမှု ကြောင့် နှလုံးကြွက်သားများ ကြွက်တက်သကဲ့သို့  ဖြစ်သွားနိုင်ပြီး သင့်အဖို့  အလွန်နေရခက်သွားနိုင်ပြီး အခန့် မသင့်လျင် နှလုံးခုန်ရပ်တန့် သွားနိုင်ပါသည်။
နွမ်းနယ်ခြင်း။
လေထုအတွင်း ရေခိုးရေငွေ့ များနေခြင်းကြောင့် ချွေးမထွက်လျင် ချွေးရအောင်ထုတ်မည်ဟု သင် ယူဆကာ လေ့ကျင့်ခန်း၊ အလုပ် စသည်တို့ ဖြင့် ချွေးထုတ်ရန်ကြိုးပမ်းပါလျင် ချွေးနှင့်အတူ ခန္ဓာကိုယ်ရေဓါတ် ဆုံးရှုံး သွားပါမည်။ အရေပြားသို့  သွေးပိုစီးဆင်းရသောကြောင့် သက်ဖြစ်အင်္ဂါများ သွေးဝတော့မည်မဟုတ်ပါ။ သင် သွေး လန့် သွားနိုင်ပြီး အချိန်မှီ ပြန်ကောင်းမလာလျင် လေဖြတ်သွားနိုင်ပါသည်။
လေဖြတ်ခြင်း။
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ရန် ချွေးထုတ်ပေးသည့်စနစ် ရပ်ဆိုင်းသွားသောကြောင့် ကိုယ် တွင်းအပူ အဆမတန်မြင့်မားလာပြီး ဦးနှောက်ကို ပျက်စီးစေကာ သေဆုံးနိုင်ပါသည်။ နှလုံးစူး၍အောင့်လာခြင်း၊ ဦး ခေါင်းမူးဝေကာ မျက်စိပြာလာခြင်းများဖြစ်လာလျင် ခန္ဓာကိုအပူချိန်ကျသွားအောင် အမြန်ဆုံး ပြုလုပ်ရန်လိုအပ်ပါ သည်။
ထို့ ကြောင့် အပူလှိုင်းဖြတ်လျင် အန္တရယ်ကင်းအောင် အောက်ပါတို့ ကို လိုက်နာဆောင်ရွက်ပါ။
၁။ သင့်အိမ်ကို အပူလှိုင်းဖြတ်သည့်ဒဏ် ခံနိုင်အောင် ပြင်ဆင်ထားပါ။
======================================
ပြူတင်းပေါက်များတွင် အလင်းပြန်နိုင်သည့် ဘုတ်ပြားတစ်ခုခု ထောင်ထားပါ။ ပြူတင်း၊ တံခါး စသည်တို့ ကို အလုံပိတ်ထားပြီး လေအေးပေးစက် ဖွင့်ထားပါ။
၂။ လိုက်လျောညီထွေစွာ ၀တ်စားပါ။
====================
ချည်သားအင်္ကျီပါးပါး၊ ပွပွ ၀တ်ပါ။ အရောင်ဖျော့ပြီး ပေါ့ပါးသော အင်္ကျီများကို ရွေးချယ်ပါ။ ဖလန်နယ်၊ နိုင်လွန် နှင့် အခြားသဘာဝမဟုတ်သော အစများဖြင့် ချုပ်လုပ်ထားသော အ၀တ်အစားများ ကို လုံးဝမ၀တ်ပါနှင့်။
အပြင်ထွကလျင် ဖော်ပြပါအတိုင်း ၀တ်စားပြီး သင့်ခန္ဓာကိုယ်အရေပြားကို အတတ်နိုင်ဆုံး လုံခြုံအောင် ဖုံးအုပ်ထား ပါ။ ဦးခေါင်း၊ မျက်နှာတို့ ကို ဖုံးအုပ်ပေးနိုင်သည့် ဦးထုပ်ကြီးကြီး၊ နေကာမျက်မှန်ကြီးကြီး၊ ထီးကြီးကြီးတို့ ကို အသုံးပြု ပါ။
၃။ တတ်နိုင်သလောက် အိမ်ထဲမှာနေပါ။
======================
ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းကို နေပူထဲမထွက်ခြင်းဖြင့် အထိရောက် ဆုံး ကာကွယ်နိုင်ပါသည်။ အိမ်ထဲနေရင်းလည်း ချွေးထွက်မည့် အလုပ်မျိုးကို မလုပ်ပါနှင့်။ သင့်အိမ်တွင် လေအေး ပေးစက် တပ်ဆင်ထားခြင်း မရှိလျင် လေအေးပေးစက်ဖွင့်ထားလေ့ရှိသော အများပြည်သူသုံး စာကြည့်တိုက်၊ ရုပ်ရှင် ရုံ၊ ကျောင်း၊ ဈေးဝယ်စင်တာများတွင် နားခိုပါ။ အပူလှိုင်းဖြတ်ချိန်တွင် ဖော်ပြပါအဆောက်အဦးများကို အများပြည် သူအတွက် အရေးပေါ်နားခိုရာနေရာအဖြစ် ဖွင့်လှစ်ပေးထားလေ့ ရှိပါသည်။
အထပ်မြင့်များတွင် မနေဘဲ မြေညီထပ်တွင် ဆင်းနေပါ။
ပန်ကာဖွင့်ထားပါ။ သင့်အိမ်ခန်းထဲတွင် လေကို လှည့်လည် စေပြီး လေအေးကို စုပ်ယူပေးနိုင်ပါသည်။
သို့ သော် ပန်ကာဖွင့်ထားခြင်းဖြင့် အပူလှိုင်းဖြတ်ခြင်းကြောင့် ဖြစ်ပွားနိုင် သည့် ကျန်းမာရေးပြဿနာများကို မတားဆီးနိုင်ပါ။ အပူလွန်နေလျင် ရေအေးအေးနှင့် စနစ်တကျ ရေချိုးနိုင်ပြီး လူ မမာများကိုမူ ရေပတ်တိုက်ပေးနိုင်ပါသည်။
၎။ ရေဓါတ်မခမ်းခြောက်အောင် နေပါ။
======================
ရေဆာလျင် ရေသာသောက်ပါ။ ရေ၀မှသာ ဖျော်ရည်တစ်မျိုးမျိုးကို သောက် ပါ။ အရက်၊ သံဗူးအချိုရည်၊ ကော်ဖီ၊ လက္ဖက်ရည်တို့ ကို လုံးဝရှောင်ကြဉ်ပါ။ ဤအရည်များသည် ရေဓါတ်ကို ဆိုး ရွားစွာ ခမ်းခြောက်စေပါသည်။
သင်ချွေးထွက်လွန်ပြီး နှုံးစ၊ မူးစ၊ မျက်စိပြာဝေစပြုလာလျင် သီးစုံဓါတ်ဆားတစ်ထုပ်ကို ရေတစ်ခွက်တည်းတွင် ဖျော် ပြီး သောက်ပါ။ သို့ သော် ဆားငုံဆေးပြားများ၊ ဓါတ်ဆားအငန်များကို မသုံးစွဲပါနှင့်။ ရေအေးသောက်နိုင်သော်လည်း ရေခဲရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ရေခဲသေတ္တာထဲတွင် အနေတော်အေးအောင် ထားထားသော ရေအေးသည် သင့်လျော်ပါသည်။
၅။ ပေါ့ပေါ့စားပါ။
=========
အပူလှိုင်းဖြတ်စဉ် အစပ်၊အငန်တို့ ကို ရှောင်ပါ။ ကယ်လိုရီများပြီး ပရိုတိန်းကြွယ်ဝသော အစား အစာများကို ရှောင်ပါ။ လတ်ဆတ်သော သစ်သီး၊ ဟင်းသီးဟင်းရွက် တို့ ကို များများ စားပေးပါ။
၆။ တစ်ဦးကိုတစ်ဦး စောင့်ကြည့်ပါ။
===================
အကူအညီလိုလျင် ချက်ခြင်း ကူညီပါ။ အသက်ရှူထုတ်ခြင်းကို နှာခေါင်းမှ ရှူ ထုတ်ခိုင်းပါ။ ပါးစပ်မှရှူထုတ်လျင် ရေဓါတ်ခမ်းခြောက်မှု ပိုမြန်ပါသည်။ ကလေး၊ တိရိစ္ဆာန် စသည်တို့ ကို ကားထဲ လုံးဝ မထားခဲ့ပါနှင့်။ အပူလှိုင်းဖြတ်ချိန်တွင် မှန်တံခါးပိတ်ထားသော ကားတစ်စီးအတွင်း အပူချိန်မှာ ၄၉ ဒီဂရီ စင်တီ ဂရိတ်သို့  တမုဟုတ်ခြင်း ရောက်သွားနိုင်ပြီး သက်ရှိသတ္တ၀ါများကို မိနစ်ပိုင်းအတွင်း သေစေနိုင်ပါသည်။
သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ လူမမာများကို မကြာမကြာ သွားရောက်ကြည့်ရှုပါ။ အပူလွန်ကဲနေသည် ဟု သင်သံသယဖြစ်လျင် ရေပတ်တိုက်ပေးခြင်း၊ လိုအပ်လျင် ရေချိုးပေးခြင်းတို့ ကို ပြုလုပ်ပါ။
သင်မဖြေရှင်းနိုင်လျင် နီးစပ်ရာကို အကူအညီတောင်းပြီး ဆေးရုံသို့  ချက်ခြင်းပို့ ဆောင်ပါ။
အပူလှိုင်းဖြတ်ခြင်းကြောင့် နိုင်ငံတကာတွင် အသေအပျောက်နှူန်းမှာ ရှိမြဲဖြစ်သည့်အတွက် စာဖတ်သူများအားလုံး အပူလှိုင်းဖြတ်ခဲ့သည်ရှိသော် ဘေးအန္တရယ်ကင်းစွာနှင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဆက်လက်နေထိုင်သွားနိုင်ရေး အတွက် ရည်ရွယ် လေ့လာရေးသား တင်ပြအပ်ပါသည်။

No comments:

Post a Comment